“Cross Campaign”

မျက်ရည်ဝဲရတဲ့ တော်လှန်စိတ်ဓာတ်များ... (သို့မဟုတ်) ပြည်သူ့ဆန္ဒမဲများ

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ MUM Page ရဲ့ Messenger၊ Telegram နဲ့ Comment တွေမှာ ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ပေးပို့လာတဲ့ စာတွေကို ဖတ်ရင်း... ဝမ်းသာပီတိဖြစ်ရသလို၊ ရင်ထဲမှာလည်း ဆို့နင့်ရပါတယ်။ အထူးသဖြင့် လွတ်မြောက်နယ်မြေတစ်ခုက အလယ်တန်း/အထက်တန်း ကျောင်းလေး ဆီကနေ ရောက်လာတဲ့ ဓာတ်ပုံတချို့ပါ။

ညီငယ်၊ ညီမငယ်လေးတွေဟာ သူတို့မှာ ရှိတဲ့ ရိုးရှင်းတဲ့ စာရွက်၊ စာအုပ်၊ ဘောပင်လေးတွေကို အသုံးပြုပြီး "ကြက်ခြေခတ်" (Cross) ပုံစံ Banners လေးတွေကို ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်ရေးဆွဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

ဒီပုံရိပ်တွေကို မြင်လိုက်ရတဲ့အချိန်မှာ ဓာတ်ပုံတွေစစ်ဆေးစုဆောင်းတဲ့အဖွဲ့သားတွေအားလုံး မျက်ရည်ဝဲမိတဲ့အထိ စိတ်လှုပ်ရှားခဲ့ရပါတယ်။ သူတို့လေးတွေရဲ့ လက်ထဲမှာ သေနတ်မရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ နှလုံးသားထဲမှာ "ငါတို့ အနာဂတ်ကို စစ်ကျွန်အဖြစ်မခံနိုင်ဘူး" ဆိုတဲ့ မီးတောက်တွေ တောက်လောင်နေတာကို တွေ့လိုက်ရသလိုပါပဲ။

ဒီကလေးတွေရဲ့ အနာဂတ်တွေအတွက်၊ ဒီလို မွန်မြတ်တဲ့ စိတ်ဓာတ်တွေအတွက်... ဒီတော်လှန်ရေးဟာ မုချ အောင်မြင်ကို အောင်မြင်ရပါမယ်။

ဒါဟာ အစပဲ ရှိပါသေးတယ်...

ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် "Cross Campaign" ဟာ အခုမှ အစပျိုးရုံသာ ရှိပါသေးတယ်။ ရှေ့ဆက်ပြီး ဒီထက်ပိုမို ကျယ်ပြန့်တဲ့၊ ပိုမိုထိရောက်တဲ့ အစီအစဉ်တွေ (Plans) အများကြီးကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။

တော်လှန်ရေး အင်အားစုများကို ဖိတ်ခေါ်ခြင်း

ဒီပို့စ်ကို မြင်တွေ့နေရတဲ့ ပြည်တွင်းပြည်ပက သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများ၊ တော်လှန်ရေး အင်အားစုများ အားလုံးကိုလည်း လေးနက်စွာ မေတ္တာရပ်ခံလိုပါတယ်။

ဒီ "Cross Campaign" ဟာ MUM တစ်ဖွဲ့တည်းရဲ့ လှုပ်ရှားမှု မဟုတ်ပါ။ ဒါဟာ ပြည်သူ့လှုပ်ရှားမှု (People's Movement) ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ မြေပြင်သပိတ်တွေ၊ လှုပ်ရှားမှုတွေမှာ ဒီ "ကြက်ခြေခတ်နဲ့ ပယ်ချမယ်" Campaign ကို မိမိတို့ ကိုယ်ပိုင်အစီအစဉ်အဖြစ် လွတ်လပ်စွာ ရယူအသုံးပြုကြပါ၊ ဟစ်ကြွေးကြပါ၊ ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ရဲ့ အသံတွေ တစ်သားတည်းဖြစ်နေဖို့က အရေးကြီးဆုံးပါပဲ။

ဆက်လက် ပါဝင်ပေးကြပါ

ကျွန်တော်တို့ရဲ့ "The People's Ballot" မှတ်တမ်းအတွက် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဆက်လက် လိုအပ်နေဆဲ ဖြစ်ပါတယ်။

ဘယ်လို ပါဝင်ရမလဲ?

၁။ ရေးမယ်: သင့်ရဲ့ ဘယ်ဘက်လက်သန်းပေါ်မှာ ကြက်ခြေခတ် (X) တစ်ခု ထင်းနေအောင် ရေးပါ။
၂။ ရိုက်မယ်:

ပြည်ပရောက် ရဲဘော်များ: မျက်နှာပါ ပေါ်အောင် ရဲရဲဝံ့ဝံ့ ရိုက်ပြပါ။

ပြည်တွင်းမှ ရဲဘော်များ: လုံခြုံရေး အထူးဂရုပြုပါ။ လက်ဗွေရာ မပေါ်အောင် လက်ခုံဘက် (Back of hand) ကနေပဲ ရိုက်ပါ။ မျက်နှာ လုံးဝ မပါပါစေနဲ့။

၃။ ပို့မယ်: Telegram Bot သို့ ပေးပို့ပါ t.me/CrossCampaign_UploadBot ပို့မတတ်ပါက info@myanmarunitymovement သို့ပေးပို့နိုင်ပါသည်။

(လုံခြုံရေးအတွက် ဓာတ်ပုံရိုက်ပြီးတာနဲ့ ချက်ချင်း ပြန်ဖျက်ပစ်လိုက်ပါ)

ညီညွတ်ခြင်းအင်အားဖြင့် အာဏာရှင်ကို မောင်းထုတ်ကြစို့။

အရေးတော်ပုံ မုချ အောင်ရမည်!