ယခုလာမည့် (၂၁/၉/၂၀၂၄) စနေနေ့မှာ စာရေးဆရာမ မသီတာ(စမ်းချောင်း)မှ “ဝင်္ကဘာကို ဖြိုချစို့” ဟုအမည်ရသော ခေါင်းစဉ်ဖြင့် စာပေဟောပြောလို့ ဆရာမနှင့်အတူ အပြန်အလှန် နွေးထွေးစွာ အတွေးအမြင်များကို နှီးနှောဖလှယ်ကြမည့် အစီအစဉ်လေးကို နံက် ၁၀မှ ၁၂ နာရီထိ South Bank University မှာကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်၊ အင်္ဂလန်နိူင်ငံတွင်ရောက်ရှိနေကြသော မြန်မာပြည်ဖွါးများ အားလုံးအားဖိတ်ကြားအပ်ပါသည်။
ဆရာမနှင့် လည်းဆွေးနွေးနိုင်ကြဖို့ ပြင်ဆင်ခဲ့ကြစေချင်ပါသည်။
တက္ကသိုလ်၏ အစီအမံဖြင့် ဝင်ခွင့်ဆွဲပြားကဒ်များကို အမည်နှင့် တကွ ထုတ်ပေးမှာ ဖြစ်ပါသောကြောင့် တက်ရောက်လိုသူများ အောက်ပါ Link တွင် စရင်းသွင်းပေးကြပါရန် လေးစားစွာဖြင့် ပန်ကြားလျက် ဖိတ်ကြားအပ်ပါသည်။
https://docs.google.com/.../1FAIpQLSf_tVZib.../viewform
တက်ရောက်မည့်လူဦးရေစရင်းကို ကျောင်းသို့ ပေးရမည်ဖြစ်ပါ၍ (၂၀)ရက် သောကြာနေ့ ၁၂နာရီတွင် နောက်ဆုံးထား စရင်းပေးသွင်းပေးပါရန်။
သတိပြုရန် ...
စာပေဟောပြောပွဲကို စရင်းပေးသွင်းထား သူများသာ ဝင်ခွင့်ပြုမည်ဖြစ်ပါသည်
London မြို့ Parliamentရှေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇) နှစ်မြောက်မွေးနေ့ နှင့် မတရားဖမ်းဆီး၊ အကျဉ်းကျ၊ အနှိပ်စက်ခံ ပြည်သူများလွတ်မြောက်ရန် ဆုတောင်းပွဲ။
၂၀၂၂ခုနှစ်၊ မေလ ( ၂၉)ရက်နေ့မှာ ယူကေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်သံရုံးရုပ်သိမ်းရေးအတွက် ဆန္ဒပြပွဲ
စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း ၁ သောင်းကျော် မတရားဖမ်းဆီးခံရပြီး @burmapoliticalprisoners စာရင်းအရအပြစ်မဲ့ပြည်သူ ၁၈၇၃ ယောက် ရက်စက်စွာအသတ်ဖြတ်ခံထားရပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက် လေ့လာရေးအဖွဲ့ Data For Myanmar က မေ ၁ တွင် ထုတ်ပြန်ကြေညာထားပါသည်။ လူပေါင်း ၁ သိန်းကျော်အသက်ဘေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါသည်။
ဒီလိုအခြေအနေတွေမှာ မြန်မာစစ်သံရုံး လန်ဒန်မှာရှိနေတာကို လုံးဝလက်မခံနိုင်တယ့်အတွက် အဖိနှိပ်ခံပြည်သူတွေကိုယ်စား အကြမ်းဖက်စစ်သံရုံးရှေ့မှာ ဆန္ဒပြမှာဖြစ်ပါတယ်။
More than 10,000 people were unjustly arrested in the military coup, and according to @burmapoliticalprisoners, 1,873 innocent people were brutally murdered. Military council members set fire to 11,417 homes across the country, according to civil society group Data For Myanmar on May 1. More than 100,000 people have been displaced by the floods.
In such a situation, it is completely unacceptable for the Burmese military embassy in London to protest in front of the Terrorist Military Embassy on behalf of the oppressed people.
၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့မှာ ယူကေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာစ်သံရုံးရုပ်သိမ်းရေးအတွက် ဆန္ဒပြပွဲ
မတ်လ၂၇ရက်နေ့ဟာ မြန်မာနိုင်ငံအနှံ့မြို့နယ်(၃၅)မြို့နယ်က ဆန္ဒပြတဲ့သူတွေ ၁၆၂ဦး ပစ်သတ်ခံရတာ တစ်နှစ်ပြည့်တဲ့နေ့ဖြစ်သလို နွေဦးတော်လှန်ရေးမှာ အကျဆုံး အများဆုံးနေ့ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး အသက်ပေးသွားရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းတွေကို အမှတ်ရ ဦးညွှတ်တဲ့အနေနဲ့ လန်ဒန်က အကြမ်းဖက်စစ်သံရုံးရှေ့မှာ ဆန္ဒပြမှာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို UKရှိ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးသူအားလုံး လာရောက်ဝန်းရံပေးဖို့ တိုက်တွန်းနှိုးဆော်အပ် ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်သံရုံး ရုပ်သိမ်းသွားသည်အထိ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
နေရာ။ ။ 27 Parkside London SW19 5NA (မြန်မာစစ်သံရုံး)
အချိန်။ ။ 27.03.2022 1:00PM to 2:00PM
NUG campaign UK held the protest to mark the 27th March 2021, one year anniversary of one of the highest fatal brutal crackdowns in Spring Revolution of Myanmar by Myanmar Military after the coup. It was at the residence/Office of Myanmar Military Attaché last Sunday. The reason is #MyanmarMilitaryAttachéOut
Captain Soe Aung represents Myanmar Military regime that carrying out the killing of innocent people in Myanmar, air-strikes on many villages destroying livelihoods of Ethnic minorities and responsible for genocide. Myanmar’s generals are hand in hand with Russia and support the Russia’s action on invading Ukraine. Soe Aung lives in a multimillion-pound home in Wimbledon as well as the office. These homes are owned by the Government on Myanmar in other words “The People of Myanmar”
Why is Soe Aung being able to operate freely in the UK whilst the British Government does not have a Military Attaché in Myanmar?
We urge UK Foreign Minister Elizabeth Truss to kick the Myanmar Military Attaché out of the UK
We are holding weekly protest in Wimbledon to ask the residents of Wimbledon to write to their MP and to have awareness of what happening in Myanmar. Information about protest will follow soon. Please join us and support our cause.
Please copy and paste #MyanmarMilitaryAttachéOut on your wall and start your action.